Tuesday, March 11, 2008

Ministry Intranet System ကွန်ပျူတာမွမ်းမံသင်တန်းအမှတ်စဉ်(၂/၂၀၀၈)နှင့် ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်းအမှတ်စဉ်(၁/၂၀၀၈) သင်တန်းဆင်းပွဲ အခမ်းအနား



နေပြည်တော်ရှိအမှတ်(၁)စက်မှုဝန်ကြီးဌာန၊ သင်တန်းခန်းမ၌ ၂၀၀၈ ခုနှစ် မတ်လ ၃ ရက်နေ့ နံနက် (၇း၀၀)နာရီတွင် Ministry Intranet System ကွန်ပျူတာ မွမ်းမံသင်တန်း အမှတ်စဉ် (၂/၂၀၀၈)နှင့် ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်းအမှတ်စဉ်(၁/၂၀၀၈) သင်တန်းဆင်းပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ရာ အမှတ်(၁)စက်မှုဝန်ကြီးဌာန ဝန်ကြီး ဦးအောင်သောင်း တက်ရောက်၍ သင်တန်းဆင်း အမှာစကား ပြောကြားသည်။ ယင်းနောက် အမှတ်(၁) စက်မှုဝန်ကြီးဌာန ဝန်ကြီး ဦးအောင်သောင်းမှ ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲမှု သင်တန်းအမှတ်စဉ် (၁/၂၀၀၈)တွင် ထူးချွန်ဆု ရရှိသူများအား ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ပြီး သင်တန်းဆင်း လက်မှတ်များကို သင်တန်းခေါင်းဆောင်အား လည်းကောင်း၊ Ministry Intranet System ကွန်ပျူတာ မွမ်းမံသင်တန်း အမှတ်စဉ် (၂/၂၀၀၈) သင်တန်းဆင်း လက်မှတ်များကို သင်တန်းခေါင်းဆောင်အား လည်းကောင်း အသီးသီး ပေးအပ်ခဲ့ပါသည်။
အဆိုပါ သင်တန်းဆင်းပွဲ အခမ်းအနားသို့ အမှတ်(၁)စက်မှုဝန်ကြီးဌာန၊ ဦးစီးဌာနနှင့် လုပ်ငန်းများမှ ညွှန်ကြား ရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ အထွေထွေ မန်နေဂျာများ၊ သင်တန်းသား သင်တန်းသူ (၁၀၂) ဦးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။