Wednesday, July 23, 2008

ရုံးသုံးကွန်ပျူတာ အခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၀၈) နေပြည်တော်နှင့် လုပ်ငန်းဆိုင်ရာ ပညာပေးသင်တန်းအမှတ်စဉ် (၂/၂၀၀၈) သင်တန်းဖွင့်ပွဲ


အမှတ်(၁)စက်မှုဝန်ကြီးဌာန ဝန်ကြီး ဦးအောင်သောင်းသည် ဇူလိုင်လ (၁၅)ရက်နေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ အမှတ်(၁)စက်မှုဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ရုံးသုံးကွန်ပျူတာ အခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၀၈) နေပြည်တော်နှင့် လုပ်ငန်းဆိုင်ရာ ပညာပေးသင်တန်းအမှတ်စဉ် (၂/၂၀၀၈) သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်၍ သင်တန်းဖွင့် အမှာစကား ပြောကြားခဲ့သည်။
အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ အမှတ်(၁)စက်မှုဝန်ကြီးဌာန ဦးစီးဌာနနှင့် လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ အထွေထွေမန်နေဂျာများ၊ သင်တန်းသားသင်တန်းသူ (၉၄)ဦး တက်ရောက်ကြပြီး သင်တန်း ကာလမှာ ရက်သတ္တပတ် (၆)ပတ် ကြာမြင့်မည် ဖြစ်ကြောင်း သိရှိရပါသည်။

ရုံးသုံးကွန်ပျူတာအဆင့်မြင့်သင်တန်း အမှတ်စဉ်(၂/၂၀၀၈)နှင့် လုပ်ငန်းဆိုင်ရာပညာပေးသင်တန်း အမှတ်စဉ်(၁/၂၀၀၈) သင်တန်းဆင်းပွဲအခမ်းအနား


အမှတ်(၁)စက်မှုဝန်ကြီးဌာန စက်မှုညွှန်ကြားရေးဦးစီးဌာနမှ ဦးစီး ကျင်းပပြုလုပ်သော ရုံးသုံးကွန်ပျူတာ အဆင့်မြင့် သင်တန်း အမှတ်စဉ် (၂/၂၀၀၈) နေပြည်တော်နှင့် လုပ်ငန်းဆိုင်ရာ ပညာပေး သင်တန်း အမှတ်စဉ် (၁/၂၀၀၈) နေပြည်တော် သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၀၈ ခုနှစ် ဇူလိုင်လ (၁)ရက်နေ့ နံနက် (၇) နာရီတွင် နေပြည်တော်ရှိ အမှတ်(၁)စက်မှုဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမဆောင်၌ ကျင်းပ ပြုလုပ်ရာ၊ အမှတ်(၁)စက်မှုဝန်ကြီးဌာန၊ ၀န်ကြီး ဦးအောင်သောင်း တက်ရောက်၍ သင်တန်းဆင်း အမှာစကား ပြောကြားရာတွင် ရုံးသုံးကွန်ပျူတာအဆင့်မြင့်သင်တန်းအမှတ်စဉ် (၂/၂၀၀၈)အား အမှတ်(၁)စက်မှု ၀န်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနများနှင့် စက်မှု လုပ်ငန်းများမှာရှိသည့် ရုံးဝန်ထမ်းများကို ကွန်ပျူတာ လုပ်ငန်းများတွင် ထိထိ ရောက်ရောက် အသုံးပြုနိုင်စေရန်နှင့် ယခု အသုံးပြုနေသော Ministry Intranet System နှင့် e-government လုပ်ငန်းများ ဆောင်ရွက်သည့်အခါ အခက်အခဲမရှိ အသုံးပြု ဆောင်ရွက်နိုင်ရန် အတွက် ရည်ရွယ်ပြီး ဖွင့်လှစ်သင်ကြားပေးခြင်း ဖြစ်ကြောင်း၊ မိမိတို့ ၀န်ကြီးဌာန အနေနှင့် ကွန်ပျူတာနှင့် ပတ်သက်ပြီး မိမိတို့ ၀န်ထမ်းများ အများနှင့်တန်းတူ ကွန်ပျူတာ ပညာရပ်များကို တတ်မြောက် ကျွမ်းကျင်ရေး အတွက် အခြေခံ သင်တန်း၊ အဆင့်မြင့် သင်တန်း၊ Intranet သင်တန်း၊ ဘွဲ့လွန် ကွန်ပျူတာ သိပ္ပံဒီပလိုမာ သင်တန်းတွေ အဆင့်ဆင့် သင်ကြားပျိုးထောင် ပေးလျှက်ရှိကြောင်း၊ မိမိတို့ တတ်မြောက်ထားသော ကွန်ပျူတာ ပညာများကို မိမိတို့ဌာန စက်ရုံများ အတွက် အကျိုးရှိရှိနှင့် ပြန်လည် အသုံးချတတ်ရန် လိုကြောင်း၊ လုပ်ငန်းဆိုင်ရာ ပညာပေး သင်တန်း အမှတ်စဉ် (၁/၂၀၀၈) သင်တန်းသားများအနေနှင့် အမှတ်(၁)စက်မှု ၀န်ကြီးဌာနရှိ ဦးစီးဌာနများ၊ မြန်မာ့စက်မှု လက်မှုလုပ်ငန်းများနှင့် စက်ရုံများတွင် စတင် တာဝန်ထမ်းဆောင်လျှက် ရှိကြသည့် ၀န်ထမ်းသစ်များ အနေဖြင့် ဌာနဆိုင်ရာ လုပ်ငန်းများ၊ ကုန်ထုတ်လုပ်မှု ဆိုင်ရာလုပ်ငန်းများ၊ ၀န်ထမ်းရေးရာ၊ အလုပ်သမားရေးရာ၊ ပင်စင်ရေးရာ၊ စီမံခန့်ခွဲရေးဆိုင်ရာ ဘာသာရပ်များနှင့် အခြားဆက်စပ်လျှက်ရှိသော လုပ်ငန်းဆိုင်ရာ သိကောင်းစရာများကို လေ့လာသိရှိ နားလည် သဘောပေါက်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ပေးရခြင်း ဖြစ်ကြောင်း၊ အချိန်ကုန်၊ ငွေကုန်ကျခံပြီး ဖွင့်လှစ် ပေးထားသဖြင့် နိုင်ငံတော်၊ ၀န်ကြီးဌာနနှင့် လုပ်ငန်းဌာနများအပေါ် သစ္စာရှိစွာနှင့် အရည်အချင်း အရည်အသွေး ကောင်းမွန်သော ၀န်ထမ်းများ အဖြစ် ကြိုးစား ဆောင်ရွက်ကြရန် မှာကြားခဲ့သည်။
ဆက်လက်၍ ၀န်ကြီးဦးအောင်သောင်းမှ သင်တန်းများတွင် ဆုရရှိသူများအား ဆုများအသီးသီး ပေးအပ် ချီးမြှင့်ခဲ့ပါသည်။

Tuesday, March 11, 2008

ရုံးသုံးကွန်ပျူတာအဆင့်မြင့်သင်တန်းအမှတ်စဉ်(၁/၂၀၀၈)(နေပြည်တော်)နှင့် ဘဏ္ဍာရေးဆိုင်ရာမွမ်းမံသင်တန်းအမှတ်စဉ်(၁/၂၀၀၈)(နေပြည်တော်) သင်တန်းဖွင့်

အမှတ်(၁)စက်မှုဝန်ကြီးဌာန၊ စက်မှုညွှန်ကြားရေးဦးစီးဌာနမှ ကြီးမှူး ဖွင့်လှစ်သော ရုံးသုံးကွန်ပျူတာ အဆင့်မြင့် သင်တန်း အမှတ်စဉ် (၁/၂၀၀၈)နှင့် ဘဏ္ဍာရေးဆိုင်ရာ မွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၀၈) (နေပြည်တော်) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ၂၀၀၈ ခုနှစ် မတ်လ ၁၁ ရက်နေ့ နံနက် ၆း၃၀ နာရီတွင် နေပြည်တော်ရှိ အမှတ်(၁)စက်မှုဝန်ကြီးဌာန၊ သင်တန်းခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ အမှတ်(၁) စက်မှုဝန်ကြီးဌာန ဝန်ကြီး ဦးအောင်သောင်း တက်ရောက်၍ သင်တန်းဖွင့်အမှာစကား ပြောကြားသည်။ အဆိုပါ သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ဦးစီးဌာနနှင့် စက်မှုလုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးများ၊ အထွေထွေမန်နေဂျာများ၊ သင်တန်းဆရာ ဆရာမများနှင့် သင်တန်းသား သင်တန်းသူ စုစုပေါင်း (၁၀၀)ဦးတို့ တက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တပတ် (၄)ပတ်ကြာမြင့်မည် ဖြစ်သည်။

Ministry Intranet System ကွန်ပျူတာမွမ်းမံသင်တန်းအမှတ်စဉ်(၂/၂၀၀၈)နှင့် ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်းအမှတ်စဉ်(၁/၂၀၀၈) သင်တန်းဆင်းပွဲ အခမ်းအနား



နေပြည်တော်ရှိအမှတ်(၁)စက်မှုဝန်ကြီးဌာန၊ သင်တန်းခန်းမ၌ ၂၀၀၈ ခုနှစ် မတ်လ ၃ ရက်နေ့ နံနက် (၇း၀၀)နာရီတွင် Ministry Intranet System ကွန်ပျူတာ မွမ်းမံသင်တန်း အမှတ်စဉ် (၂/၂၀၀၈)နှင့် ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်းအမှတ်စဉ်(၁/၂၀၀၈) သင်တန်းဆင်းပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ရာ အမှတ်(၁)စက်မှုဝန်ကြီးဌာန ဝန်ကြီး ဦးအောင်သောင်း တက်ရောက်၍ သင်တန်းဆင်း အမှာစကား ပြောကြားသည်။ ယင်းနောက် အမှတ်(၁) စက်မှုဝန်ကြီးဌာန ဝန်ကြီး ဦးအောင်သောင်းမှ ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲမှု သင်တန်းအမှတ်စဉ် (၁/၂၀၀၈)တွင် ထူးချွန်ဆု ရရှိသူများအား ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ပြီး သင်တန်းဆင်း လက်မှတ်များကို သင်တန်းခေါင်းဆောင်အား လည်းကောင်း၊ Ministry Intranet System ကွန်ပျူတာ မွမ်းမံသင်တန်း အမှတ်စဉ် (၂/၂၀၀၈) သင်တန်းဆင်း လက်မှတ်များကို သင်တန်းခေါင်းဆောင်အား လည်းကောင်း အသီးသီး ပေးအပ်ခဲ့ပါသည်။
အဆိုပါ သင်တန်းဆင်းပွဲ အခမ်းအနားသို့ အမှတ်(၁)စက်မှုဝန်ကြီးဌာန၊ ဦးစီးဌာနနှင့် လုပ်ငန်းများမှ ညွှန်ကြား ရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ အထွေထွေ မန်နေဂျာများ၊ သင်တန်းသား သင်တန်းသူ (၁၀၂) ဦးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

Thursday, December 13, 2007

Ministry Intranet System ကွန်ပျူတာသင်တန်း အမှတ်စဉ်(၅/၂၀၀၇)သင်တန်းဖွင့်


အမှတ်(၁)စက်မှုဝန်ကြီးဌာန Ministry Intranet System ကွန်ပျူတာသင်တန်း အမှတ်စဉ်(၅/၂၀၀၇) သင်တန်း ဖွင့်ပွဲအခမ်းအနားအား (၂၁-၁၂-၂၀၀၇) ရက်နေ့တွင်ကျင်းပခဲ့ရာ ၀န်ကြီးကိုယ်စား စက်မှုညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းအောင် တက်ရောက်၍ သင်တန်းဖွင့်အမှာစကား ပြောကြားသည်။ အဆိုပါ သင်တန်းတွင် သင်တန်းသား/သင်တန်းသူ(၅၂)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တပတ်(၃)ပတ် ကြာမြင့်မည်ဖြစ်သည်။

Ministry Intranet System ကွန်ပျူတာသင်တန်းအမှတ်စဉ်(၄/၂၀၀၇)သင်တန်းဆင်းပွဲ


နေပြည်တော်ရှိ အမှတ်(၁)စက်မှုဝန်ကြီးဌာနတွင် Ministry Intranet System ကွန်ပျူတာသင်တန်း အမှတ်စဉ် (၄/၂၀၀၇) (နေပြည်တော်)ကို ၆-၁၁-၂၀၀၇ ရက်နေ့မှ ၂၇-၁၁-၂၀၀၇ ရက်နေ့အထိ ဖွင့်လှစ်ခဲ့ရာ သင်တန်းသို့ သင်တန်းသား/ သူ(၅၀)ဦး တက်ရောက်ခဲ့ပြီး ၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက် ၆း၃၀ နာရီတွင် အမှတ်(၁)စက်မှုဝန်ကြီးဌာန သင်တန်းခန်းမဆောင်၌ သင်တန်းဆင်းပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ရာ အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်း တက်ရောက်အမှာစကား ပြောကြားပြီး ဆုရရှိသူများအား ဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။